ယနေ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများသည် အနာဂတ်၏ခေါင်းဆောင်များ ဖြစ်ကြသည်။ ကျောင်းသူကျောင်းသားများသည် လူမှုဝန်းကျင် ကဏ္ဍအသီးသီးတွင် လွှမ်းမိုးကြမည့် ပညာရှင်များ ဖြစ်ကြသည်။ ထိုလွှမ်းမိုးနိုင်စွမ်းတို့က အပြုသဘောဆောင်သော ကောင်းကျိုးချမ်းသာ ဖြစ်စေနိုင် သကဲ့သို့ အပျက်သဘောဆောင်ခြင်းလည်း ရှိနိုင်ပါသည်။
တက္ကသိုလ်ကျောင်းသူကျောင်းသားများ
ကောင်းသော ကိုယ်ကျင့်သီလရှိသော တက္ကသိုလ်ကျောင်းသူကျောင်းသားများသည် အထူးသဖြင့် သူတို့၏ အတွေးအခေါ်နှင့် ယုံကြည်မှုများက သမ္မာတရားပေါ်တွင် တည်မည်ဆိုပါက တိုင်းပြည် အတွက် သာ၍ ကောင်းစေသော အခြေအနေဆီသို့ ဦးတည်စေနိုင်မည် ဖြစ်သည်။ ထို့အတွက်ကြောင့် ကျောင်းသူကျောင်းသားများသည် ဧဝံဂေလိတရား ရောက်ရှိလုပ်ဆောင်ဖို့ရန် အလွန်အရေးကြီးသည်။
သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကိုချစ် ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သော သူတို့အား ပုံသက်သေကို ပြလော့။ (၁တိ ၄:၁၂)
ဧဝံဂေလိတရား ဝေငှခြင်း (ပို့ဆောင်ခြင်း)
ဆန်းသစ်သော အစီအစဉ်များနှင့် အစပျိုးလုပ်ဆောင်မှုများသည် ကျောင်းသူ/ကျောင်းသားများအား ဧဝံဂေလိတရားကို လက်တွေ့ကျကျနှင့် ဆီလျော်သောနည်းလမ်းများအားဖြင့် လေ့လာစေပါသည်။ ယေရှုကသာ ဖြေရှင်းပေးနိုင်သော ဘဝ၏မေးခွန်းများနှင့် နှလုံးသား၏ နာကျင်မှုများ၏ အဖြေသည် ဧဝံဂေလိတရား အားဖြင့် ဖြစ်ကြောင်း၊ ဘဝ၏ကဏ္ဍ ပေါင်းစုံနှင့် မည်ကဲ့သို့ ဆက်နွယ်နေသည်ကို တွေ့ရှိနားလည်လာမည်။
တပည့်တော်ဖြစ်စေခြင်း
(တည်ဆောက်ခြင်း)
ဤကျောင်းသားလှုပ်ရှားမှုအားဖြင့် သခင်ယေရှု၏ မေတ္တာကို ကိုယ်တိုင် တွေ့ကြုံခံစားရမည် ဖြစ်သလို၊ အခြားသောသူတို့ကိုလည်း ဖိတ်ခေါ်ခြင်းဖြင့် သူတို့လည်း သခင်ယေရှု၏ မေတ္တာကို ခံစားလာရမည် ဖြစ်သည်။ မိမိတို့ ယုံကြည်ခြင်း၌ ပိုမိုနက်ရှိုင်းစွာ ကြီးထွားလာမည်ဖြစ်သလို၊ ကျောင်းသား သာသနာသည် ဝိညာဉ်ရေးရာ စကားဝိုင်း တစ်ခု ဖြစ်လာဖို့ရန် ကျောင်းသားများကို ဖိတ်ခေါ်သည်။
အတူတကွ အမှုဆောင်ခြင်း (စေလွှတ်ခြင်း)
ကျောင်းသားများသည် ယေရှုကို နက်နက်ရှိုင်းရှိုင်း သိရှိလာသည်နှင့်အမျှ၊ သူတို့အနီးအနားရှိသူများ၏ဘဝအတွင်းတွင် ဘုရားသခင်အလုပ်လုပ်နေသည်ကို သိမြင်လာကြသည်။ ဘုရားသခင်သည် သူတို့အား ဤလောကရှိ ကိုယ်တော်၏နိုင်ငံတော်တွင် ပါဝင်ရန် မည်သို့ဖိတ်ခေါ် နေသည်ကို တွေ့မြင်လာကြသည်။ တပည့်တော် ဖြစ်စေခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း အခွင့်အရေးများမှတဆင့် ၎င်းတို့သည် မိမိတို့၏ ယုံကြည်ခြင်းကို အခြားသူများထံ ထိထိရောက်ရောက် ဝေငှနိုင်ရန် ပြင်ဆင်ပေးခြင်း ခံရသည်။ ထိုကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှုက အသက်တာတလျှောက်လုံး လုပ်ဆောင်သွားကြမည်ဖြစ်သည်။
ကျွန်ုပ်တို့၏အမှုတော်လုပ်ငန်းအကြောင်း အပ်ဒိတ်များကို ရယူပါ။