Campus Crusade

Ministry

ခေါင်းဆောင်များ၌ အမှုတော်လုပ်ငန်း အကြောင်း

အစိုးရမင်းများနှင့် စီးပွားရေးနယ်ပယ်ရှိ ခေါင်းဆောင်များသည် ဦးဆောင်နိုင် မှု၊ လွှမ်းမိုးနိုင်မှု၊ ငွေကြေးနှင့် ကျွမ်းကျင်မှု စွမ်းပကားများ (L.I.F.E.) ရှိကြပါ သည်။ သူတို့၏ အသက်တာများကို ယေရှုခရစ်တော်၏ ဧဝံဂေလိသတင်း ကောင်း ပျံ့နှံ့ရောက်ရှိဖို့ရန် ဆက်ကပ်အပ်နှံမည်ဆိုပါက ကြီးမြတ်သောစေခိုင်းမှု အတွက် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုကို ပြုလုပ်နိုင်သောသူများ ဖြစ်ကြပါသည်။

ခေါင်းဆောင်များ

မြန်မာပြည်ခရစ်တော်၏သာသနာ့အကျိုးဆောင်အဖွဲ့သည် Leader Strategies. Family Life, The Significant Project များအားဖြင့်ခေါင်းဆောင်များထံရောက်ရှိနိုင်ဖို့ရန် ကြိုးစားလျက် ရှိပါသည်။ ခေါင်းဆောင်များအကြား ဝိညာဉ် ရေးရာ ဆပွားတိုးခြင်းများ ရရှိလာပါက မိသားစုများ၊ လူမှုအသိုက်အဝန်းများ နှင့် တိုင်းနိုင်ငံအပေါ် ကြီးစွာသော အကျိုးသက်ရောက်မှုကို ရရှိနိုင်မည် ဖြစ် သည်။

“ သင်တို့မူကား ထိုသို့ မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ သင်တို့သည်လည်း ထိုသို့သော စိတ်သဘော ရှိကြစေ” (မ ၂၀း၂၆)။

ခေါင်းဆောင်များ

ကျွန်ုပ်တို့ဘာလုပ်သလဲ?

ဧဝံဂေလိတရား ဝေငှခြင်း (ပို့ဆောင်ခြင်း)

လုပ်ငန်းခွင်ရှိသူများအား တပည့်တော်ဖြစ်စေရန် ဖိတ်ခေါ်ပါသည်။ ထို့နောက် အသက်တာများ ပြောင်းလဲစေရန် ဖြစ်သည်။

တပည့်တော်ဖြစ်စေခြင်း
(တည်ဆောက်ခြင်း)

မိမိ၏ယုံကြည်ခြင်းကို မည်သို့ဝေငှရမည်ကို သင်ကြားပေးပြီး၊ ဘုရားသခင်ကို မသိသေးသော မိတ်ဆွေများအား သူ၏ဘဝသက်သေခံချက်ကို ဝေငှရန် အားပေးပါသည်။ မိမိလုပ်ငန်းခွင်ရှိ ခရစ်ယာန်မိတ်ဆွေများကို စုစည်းခြင်းဖြင့် အဖွဲ့တစ်ဖွဲ့ ရရှိစေရန် ကူညီပေးသည်။ အဖွဲ့တွင် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် လေ့ကျင့်ပေးသည်။ အဖွဲ့တွင် သမ္မာကျမ်းစာ လေ့လာခြင်း၊ ဧဝံဂေလိတရားကို ဝေငှခြင်း၊ မည်သို့ အမှုဆောင်ရမည်ကို အားပေးခြင်းနှင့် အပတ်စဉ် ရည်ရွယ်ချက် ပန်းတိုင်များ ချမှတ်ခြင်းတို့ ပါဝင်မည် ဖြစ်သည်။

အတူတကွ အမှုဆောင်ခြင်း (စေလွှတ်ခြင်း)

လေ့ကျင့်သင်တန်းပေးပြီး ခေါင်းဆောင်များသည် ကျွန်ုပ်တို့နှင့်အတူ အဖွဲ့သစ်များ ဆက်လက်ရရှိရန် ဦးဆောင်ကြသည်။ လေ့ကျင့်ပြီးသော ခေါင်းဆောင်များက အဖွဲ့သစ်မှ ခေါင်းဆောင်များကို ထပ်မံသင်ကြားပေးသည်။

ကျွန်ုပ်တို့၏အမှုတော်လုပ်ငန်းအကြောင်း အပ်ဒိတ်များကို ရယူပါ။

အဆက်အသွယ်မပြတ်ရှိနေကြပါစို့။