အသင်းတော်သည် အဆောက်အဦးလည်း မဟုတ်သလို အဖွဲ့အစည်းလည်း မဟုတ်ပါ။ အသင်းတော်သည် ယုံကြည်သူများ ဖြစ်သည်။ လူအများသည် အတူတကွ စုဝေးကြပြီး ထိုအရပ်၌ ခရစ်တော်၏ဘုန်းကို ထင်ရှားစေပြီး ဝတ်ပြုကိုးကွယ်ခြင်း ရှိပါက အသင်းတော်ပင် ဖြစ်ပါသည်။ မြန်မာပြည်ခရစ်တော်၏သာသနာ့အကျိုးဆောင်အဖွဲ့သည် မြို့ပြဒေသနှင့် ကျေးလက်တောရွာများပါ လူတိုင်းထံသို့ ဧဝံဂေလိတရား ရောက်ရှိဖို့ရန် တက္ကသိုလ်ကျောင်းများ၊ အသင်းတော်များနှင့် အခြားသော အဖွဲ့အစည်းများ နှင့် ပူးပေါင်းလုပ်ဆောင်လျက် ရှိပါသည်။
ကမ္ဘာလုံးဆိုင်ရာ အသင်းတော်လှုပ်ရှားမှုများအကြောင်း
“ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။ … ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့် ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။” (တ ၂း ၄၂၊ ၄၇)
အခြားသူများကို တပည့်တော်ဖြစ်စေခြင်း လုပ်ဆောင်ကြမည့် တပည့်တော်စစ်များကို မွေးထုတ်ပေးဖို့ရန် မျှော်လင့်ချက်ဖြင့် ကျွန်ုပ်တို့သည် အသင်းတော်များနှင့် အဖွဲ့အစည်းများ ကို တပ်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းနှင့် အရင်းအမြစ်များ ပံ့ပိုးပေးလျက် ရှိပါသည်။
ကျွန်ုပ်တို့သည် ထိုကဲ့သို့ မိတ်ဖက်လုပ်ဆောင်နိုင်ရန် ဆုတောင်းခဲ့သလို၊ အသင်းတော်ခေါင်းဆောင်များနှင့် သင်းဝင်သူများစွာကို ဧဝံဂေလိပြုခြင်း၊ တပည့်တော်ဖြစ်စေခြင်းနှင့် ဆပွားတိုးခြင်းအတွက် လေ့ကျင့်သင်တန်း ပေးနိုင်ခဲ့ပါသည်။
ဧဝံဂေလိတရား ဝေငှခြင်း (ပို့ဆောင်ခြင်း)
ဧဝံဂေလိလုပ်ငန်း၌ အသင်းတော်အသီးသီးကို ဖိတ်ခေါ်၍ ကူညီပေးရန် အဖွဲ့များ စေလွှတ်သည်။ ဒေသန္တရ အသင်းတော်များ ဝန်းကျင်၌ ဧဝံဂေလိ လုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်သည်။
တပည့်တော်ဖြစ်စေခြင်း
(တည်ဆောက်ခြင်း)
အသင်းတော်ကို ဦးဆောင်မည့် ခေါင်းဆောင်များကို လေ့ကျင့်သင်တန်းပေးသည်။ အသင်းတော်တွင် တပည့်တော်ဖြစ်စေခြင်းကို ဦးဆောင်မည့် သင်းအုပ်များကို စည်းရုံးလှုံ့ဆော်သည်။
အတူတကွ အမှုဆောင်ခြင်း (စေလွှတ်ခြင်း)
မြန်မာနိုင်ငံတဝန်း အသင်းတော်သစ်များ ဖြစ်လာရန် သင်းအုပ်ဆရာနှင့် ခေါင်းဆောင်များကို ဖိတ်ခေါ်သည်။ ဧဝံဂေလိ ဝေငှရန်နှင့် ယုံကြည်သူများ အုပ်စုအဖွဲ့ငယ်များ ဖြစ်လာရန် စည်းရုံးလှုံ့ဆော်သည်။ အိမ်၌ရှိသော အသင်းတော် (သို့မဟုတ်) ဒေသန္တရအသင်းတော်တွင် ပါဝင်လာရန် ပြင်ဆင်ပေးသည်။
ကျွန်ုပ်တို့၏အမှုတော်လုပ်ငန်းအကြောင်း အပ်ဒိတ်များကို ရယူပါ။