Campus Crusade

Ministry

ဒစ်ဂျစ်တယ်အမှုတော်လုပ်ငန်းအကြောင်း

 

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုက လူအများက မှန်းဆတွေးကြသည်မှာ လူသန်းပေါင်းများစွာ သည် အင်တာနက်ကို အသုံးပြုခြင်း၌ အားလျော့စိတ်ပျက် သွားကြမည်ဟု ထင်မှတ်ကြ သည်။ သို့သော်လည်း မှန်းဆထားသည်နှင့် တလွဲဖြစ်ကာ နေ့စဉ် အလွန်ပင် ရေပန်းစားလျက် ရှိသည်။

ဒစ်ဂျစ်တယ်အမှုတော်လုပ်ငန်းအကြောင်း

အင်တာနက်အသုံးပြုသူများက နှစ်စဉ် အံ့မခန်းတိုးတက်လျက် ရှိသည်။ မြန်မာ နိုင်ငံတွင်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စပြီး အင်တာနက်အသုံးပြုသူများက ၂၄.၁၁ သန်း ရှိပါသည်။ JOJJ ခုနှစ် နှစ်စပိုင်းကပင် အင်တာနက်အသုံးပြုမှုနှုန်းက လူဦးရေ၏ ၄၄ ရာခိုင်နှုန်းသို့ မြှင့်တက်သွားခဲ့သည်။ အမှန်တကယ် ကိန်းဂဏာန်းအရေအတွက်က ထို ထက်ပင် များနိုင်ပါသေးသည်။ မြန်မာနိုင်ငံတွင် လူမှုကွန်ယက် မီဒီယာ အသုံးပြုသူများက ၁၈.၅ သန်း ရှိပါသည်။ Facebook ၌ ၂၀.၃၆ သန်း၊ Facebook messenger ၌ ၉.၆၀ သန်း၊ Instagram ၌ ၁.၄၂ သန်း Linked In ၌ ၁.၀၆ သန်း ရှိပါသည်။ မိုဘိုင်းဖုန်း အသုံးပြုသူ နှူန်းကလည်း နှစ်စဉ် အံ့မခန်း တိုးတက်လျက် ရှိပါသည်။ ယခုအခါ၌ digital နယ်ပယ်တွင် မိုဘိုင်းဖုန်းနှင့် ချိတ်ဆက်ပြီး အသုံးပြုသူများက ၆၃.၃ သန်း ရှိပါသည်။ ထိုအခြေအနေက Digital tools များအားဖြင့် ဧဝံဂေလိတရား ဖြန့်ကျက်ရောက်ရှိ ဝေငှနိုင်ဖို့ရန် အခွင့်အလမ်း ကို ဖန်တီးပေးလျက် ရှိပါသည်။

ဒစ်ဂျစ်တယ်အမှုတော်လုပ်ငန်းအကြောင်း

ကျွန်ုပ်တို့ဘာလုပ်သလဲ?

ဧဝံဂေလိတရား ဝေငှခြင်း
(ပို့ဆောင်ခြင်း)

တစ်နှစ်လျှင် လူပေါင်း (၅)သန်းထံ ဧဝံဂေလိတရား ရောက်ရှိပြီး၊ ဘုရားသခင်ကို သိရှိရန် စိတ်ဝင်စားသူများကို ရှာဖွေ၍ မေးခွန်းများ မေးခြင်းနှင့် ဖြေဆိုခြင်း၊ ခရစ်တော်ကို ယုံကြည်လက်ခံရန် ဖိတ်ခေါ်ခြင်း နည်းလမ်းများအားဖြင့် ဧဝံဂေလိသတင်းကောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဝေငှခြင်း။

တပည့်တော်ဖြစ်စေခြင်း
(တည်ဆောက်ခြင်း)

အွန်လိုင်းကို အသုံးပြုခြင်းအားဖြင့် တပည့်တော် ဖြစ်စေပါ။
နီးစပ်ရာအသင်းတော် (သို့) သင်းအုပ်ဆရာနှင့် နောက်ဆက်တွဲ ပြုစုပျိုးထောင်ရန် အကြံပြုပါသည်။
ဒစ်ဂျစ်တယ် အားဖြင့် သာသနာပြုရန် ဖိတ်ခေါ်သည်။

အတူတကွ အမှုဆောင်ခြင်း (စေလွှတ်ခြင်း)

ဒစ်ဂျစ်တယ်အားဖြင့် သာသနာပြုသူ တစ်ဦး ဖြစ်လာရန် မွေးထုတ်ပါ။ သူ/သူမ၏ ယုံကြည်ခြင်းကို ဝေငှရန် ကူညီပေးပါ။ တပည့်တော် ဖြစ်စေရန်နှင့် သာသနာလုပ်ငန်း၌ အတူတကွ အမှုဆောင်ရန် ကူညီပေးပါ။ သာသနာလုပ်ငန်းတွင် ဒစ်ဂျစ်တယ် နည်းလမ်းများအားဖြင့် ပါဝင်စေရန် ကူညီပေးပါ။

ကျွန်ုပ်တို့၏အမှုတော်လုပ်ငန်းအကြောင်း အပ်ဒိတ်များကို ရယူပါ။

အဆက်အသွယ်မပြတ်ရှိနေကြပါစို့။