ဘုရားကိုတစ်ဦချင်းသိကျွမ်းခြင်း
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘာကြောင့် ဖန်ဆင်းထားပြီ သူ့နှင့် တစ်ဦးချင်းရင်းနှီးကျွမ်းဝင်မှု ရှိရန်သိစေဖို့ ဒီအချက်လေးခုက ရှင်းပြပါမည်။
ဘုရားသခင်သည် သင်အားချစ်ပြီး သူ့အားသိကျွမ်းရန် အလိုရှိသည်။
ဘုရားသခင်သည် သင်အားချစ်ပြီး သူ့အားသိကျွမ်းရန် အလိုရှိသည်။
“ သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည်တပါးတည်းသော သားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏” ။
၁ယော ၄း၉
ဘုရားသခင်သည် သူ့အားသိကျွမ်းရန် အလိုရှိသည်
“ ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေ လွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း” ။
ယောဟန် ၁ရး၃
လူအများစုသည် အဘယ်ကြောင့်ဘုရားသခင်နှင့် တစ်ချင်းဦး သိကျွမ်းခြင်းမရှိသည်ကို သင်မည်ကဲ့သို့ ထင်မြင်သနည်း။
အပြစ်ကြောင့် လူသည် ဘုရားသခင်နှင့်ကွဲကွာပြီး ဘုရားသခင်၏ မေတ္တာတရားကို မခံစားရပေ။
အပြစ်ဒုစရိုက် ဆိုတာဘာလဲ?
လူသားများကိုဘုရားနှင့်မိသာဟာရဖွဲ့ရန် ဖန်ဆင်းခဲ့သော်လည်း၊ဘုရားကိုငြင်းပယ်သောကြောင့် ဘုရားနှင့်အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပါသည်။
ဘုရားသခင် ကိုဆန့်ကျင်ခြင်း၊ဘုရားစကားကို နားမ ထောင်းခြင်းကို သမ္မာကျမ်းစာက အပြစ်ဟုခေါ်သည်။အတ္တစိတ်နှင့်အသက်ရှင်ခြင်း၊ဘုရားစကားကိုမနာခံခြင်း(သို့)ဘုရားမှဝေးကွာစွာအသက်ရှင်ခြင်းအားဖြင့်အပြစ်လုပ်လျက်ရှိသည်။
လူတိုင်းအပြစ်ဒုစရိုက်လုပ်သည်။
အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။
ရောမ ၃း၂၃
▲ – သန့်ရှင်းသောဘုရား | အပြစ်သား
ဘုရားသည် သန့်ရှင်းမြင့်မြတ်ပြီး၊လူသားများက အပြစ်ဒုစရိုက်လုပ်နေသည်။
ဘုရားထံတော်သို့ရောက်ရန်ကောင်းမှုကုသိုပ်၊ဘာသားတရားလိုက်စားခြင်း ဖြင့်၊ကြိုးစာသော်လည်း၊အပြစ်၏ပြသနာကို မဖြေရှင်းနိုင်ပါ။
အပြစ်တွင် အကျိုးဆက်များ ရှိသည်။
အပြစ်တရား၏ အခကား သေခြင်းပေတည်း။
ဘုရားသည် သန့်ရှင်းမြင့်မြတ်ပြီး၊တရာမျှသောဘုရားထြစ်သည်။ကျွန်ုပ်တို့သည် ဘုရားကိုငြင်းပယ်ခြင်းကြောင့်အပြစ်စီရင်ခံရမည်။
တတိယတရားက တစ်ခုတည်းသောအဖြေကိုဖေါ်ပြထားသည်။
လူ၏ အပြစ်အတွက် ဘုရားသခင် ပြင်ဆင်ပေးသော လမ်းမှာ ယေရှုခရစ်တော်ပင်ဖြစ်သည်။ ယေရှုခရစ်တော် အားဖြင့်သာ ဘုရား၏မေတ္တာတော် နှင့် အပြစ်လွတ်ခြင်းကို သိရှိနိုင်ပါသည်။
ယေရှုခရစ်တော် သည်ပြန်လည်ရှင်ပြန်ထမြှောက်ခဲ့သည်
“ အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏” ။တမန်တော်၁း၃(က)
ယေရှုခရစ်တော်သည်ကျွန်ုပ်တို့ကိုယ်စား အသေခံပေးပြီး၊ယေရှုခရစ်တော်၏ ရှင်ပြန်ထမြှောက်ခြင်းက သူသည်ဘုရားဖြစ်ကြောင်းသက်သေပြ နေပါသည်။
တစ်ခုတည်းလမ်းမှာယေရှုခရစ်တော်ပင်ဖြစ်သည်
ယေရှုက၊ “ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ” ။
ယောဟန် ၁၄း၆
ယေရှု သည် ဘုရားဖြစ်သည်။
“ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏”
ကောလောသဲ ၁း၁၅
ကျွန်ုပ်တို့ကိုယ်စား အသေခံသောယေရှုခရစ်တော်
“ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သော သူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏” ။
၁ပေ ၃း၁၈(ခ)
▲ – ဘုရားသခင် | † – ယေရှု | လူသား
ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ထာဝရ ကွဲကွာဖို့ထိုက်တန်သော်လည်းဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့် ကားတိုင်တွင်ကိုယ်စားကျွန်ုပ်အပြစ်အတွက်ပေးဆပ်ရန်ယေရှုခရစ်တော်ကို စေလွှတ်ခဲ့သည်။
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို ဘုရားသခင်၏ အပြစ်လွတ်ခြင်း နှင့် ပြန်လည်မိတ်သဟာယဖွဲ့နိုင်ရန် ပေါင်းကူးတံတားထိုး ပေးပါသည်။
ဘုရားသခင် သူ၏မေတ္တာကို သက်သေပြသည်။
“ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ယော ၃း၁၆
ဤအချက်များကို သိခြင်းဖြင့် မလုံလောက်သေးပါ။
ယေရှုခရစ်တော်ကို မိမိကိုယ်တိုင် ကယ်တင်ရှင်သခင် အ နေဖြင့်ယုံကြည့်လက်ခံ ရ ပေလိမ့်မည်။သို့မှသာ ဘုရားသခင်ကိုကိုယ်တိုင် သိကျွမ်းနိုင်မည်ဖြစ်သည်။
တုန့်ပြန်ချက်များက တော့…
– ဝန်ခံသဘောတူခြင်း
ကျွန်တော်တို့၌ အပြစ်ရှိပြီး၊ဘုရားသခင်ထံပြန်လှည့်လာရန် သဘောတူဝန်ခံပါသည်။
– ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ အပြစ်အတွက် အသေခံပြီ ခွင့်လွတ်ပေးသည်ကို ယုံကြည်လက်ခံရန်။
– ရွေးချယ်ခြင်း
ခရစ်တော်ကို ယုံကြည်လက်ခံပြီ ခရစ်တော်နောက်လိုက်ရန်။
တစ်ဦးချင်း ဘုရားသခင်နှင့်ဆက်သွယ်မှု
ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
ယောဟန် ၁း၁၂
ရင်းနှီးကျွမ်းဝင်ခြင်းသည် ဆုလဒ်တစ်ခုဖြစ်သည်။
“ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ကိုယ်အလိုအ လျောက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်ရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်” ။…ဧဖက် ၂း၈-၉
“ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊မိမိသနားခြင်း ကရုဏာတော်နှင့်အညီဒုတိယ မွေးခြင်းနှင့်ဆိုင်သောဆေးကြောအသစ်ပြုပြင်ခြင်း အားဖြင့်လည်းကောင်း၊ငါတို့ကို ကယ်တင်တော်မူ၏” ။ တိတု ၃း၅
ကျွန်ုပ်တို့ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ရပါမည်။
စက်ဝိုင်းနှစ်မျိုးသည် အသက်တာနှစ်မျိုးကို ကိုယ်စားပြုပါသည်။
အတ္တစိတ် အုပ်စိုးသော အသက်တာ
အသက်တာ၌ ယေရှုကို လက်ခံ မယုံကြည်ပါက ဘုရားသခင်နှင့် ကွဲကွာပြီ အပြစ်စီရင်ခြင်းကို ခံရမည်ဖြစ်သည်။
ခရစ်တော်အုပ်စိုးသောအသက်တာ
အသက်တာ၌ ယေရှုကိုယုံကြည်လက်ခံပါက ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် အပြစ်လွှတ်ခြင်းကိုခံစားရရှိမည်ဖြစ်သည်။
မည်သည့်စက်ဝိုင်းသည် သင်၏အသက်တာကို ဖော်ပြ နေပါသလဲ? မည်သည့် စက်ဝိုင်းနှင့်သင်တူချင်ပါ သလဲ?
ဤအ ကြောင်းအရာများကို သိရှိခံစားရုံဖြင့်မလုံလောက်သေးပါ။ ကျွန်ုပ်တို့ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ရပါမည်။
ဘုရားသခင်နှင့် ဆက်သွယ်ရန်ယေရှုခရစ်တော်ကို နှလုံးသားထဲမှာ ဦးစွာယုံကြည်လက်ခံရမည်။
ဘုရားသည်သင်၏လှပ သော စကားလုံးများထက် နှလုံးသားဆန္ဒကိုအသိအမှတ်ပြုပါသည် ။
ဆုတောင်းခြင်းအားဖြင့် သင်၏နှလုံးသားဆန္ဒကို ဖော်ပြနိုင်သည်။
ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်နှင့် ရိုးရှင်းစွာစကားပြောခြင်း ဖြစ်သည်။
ဆုတောင်းရန် အကြံပေးချက်
သခင် ယေရှုဘုရား
ကိုယ်တော်ကို ကျွန်ုပ်သိကျွမ်းချင်ပါတယ်။
ကျွန်ုပ်၏ အတ္တစိတ်နှင့် အသက်ရှင်ခဲ့သော အပြစ်များကို ခွင့်လွှတ်ပေးပါ။
ကျွန်တော်တို့အပြစ်အတွက် ကားတိုင်ပေါ်မှာအသေခံပေးသောကြောင့် ကျေးဇူးတင်ပါတယ်။
ကျွ်န်ုပ်သည်နောင်တစိတ်နှင့်ပြန်လာပြီ ခရစ်တော်နောက်လိုက်ရန်နှင့် သခင်အဖြင့် အုပ်စိုးရန် သဘောတူဝန်ခံပါသည်။
ဤဆုတောင်းချက်သည် သင်၏နှလုံးသားဆန္ဒနှင့် ကိုက်ညီပါသလား?
ဤကဲ့သို့ဆုတောင်းရန် သင့်အတွက်အတားအဆီးဖြစ်ပါသလား?
ယေရှုခရစ်တော်ကို ယုံကြည်လျှင် မိတ်ဆွေဘာဖြစ်လာမည်နည်း။
ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသောအခါ ခံစားရမည့် အကျိုးကျေးဇူးများမှာ
သင်၏အသက်တာထဲ၌ ခရစ်တော်ဝင်လာလိမ့်မည်။
“ အ ကြောင်းမူကား၊ ငါသည်သင့်ကို မစွန့်၊ သင့်ကိုအလျှင်းပစ်၍ မထားဟု ကတိတော်ရှိ၏” ။
ဟေဗြဲ ၁၃း၅
သင့်အပြစ်များ ခွင့်လွှတ်ခြင်းခံရသည်။
သင်၏အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရသည်။
ကောလောသဲသြဝါဒစာ ၁း၁၃-၁၄
သင်သည် ဘုရားသခင်၏သား/သမီးဖြစ်သည်။
ဘုရားသခင်သည် သင်၏ကောင်းကင် ဖခင်ဖြစ်ပြီးသင်သည် ဘုရားသားဖြစ်လာသည်။
ဂလာတိ ၃း၂၆
သင်သည် ဘုရားသခင်၏တန်ခိုးပေးခြင်းကိုခံရသည်။
သင်သည်ဘုရားသခင်၏ တန်ခိုးအားဖြင့် လူသစ်ဖြစ်လာသည်။
၂ ကော ၅း၁၇၊ ဧဖက် ၃း၁၄-၂၁
သင်သည် ဘုရားသခင်နှင့် မိတ်ဆွေဖြစ်ခွင့်ရသည်။
သင်သည် ဘုရားသခင်နှင့်ထာဝရ ရင်းနှီးကျွမ်းဝင်မှုကို အစပြု နေပြီဖြစ်သည်။ ယောဟန် ၁ရး၃
ဒီကဲ့သို့ အ ခြေအ နေ ရောက်ကြောင်းဘယ်လိုသိနိုင်သလဲ?
ဤအရာများသည် အမှန်တကယ်ဖြစ်ကြောင်းမည်သို့ သေချာသနည်း?
ယေရှုသည် သင်အသက်တာထဲတွင်ရှိနေသည်…
အဘယ်ကြောင့်ဆိုသော် ဘုရားကကတိပေးထားပြီး၊ကိုးစားထိုက်သောကြောင့်ဖြစ်သည်။
ယေရှုကမစွန့် သောကြောင့်၊သင့်အသက်ထဲတွင်သောကြောင့် ဘုရားကိုကျေးဇူးတင်ပါ။
ရောမ ၈း၃၈-၃၉
သင့်အထဲတွင် ခရစ်တော်၏ ဝိညာဥ်တော် ကြိမ်းဝပ်နေသည်။
ယေရှုကိုလက်ခံလိုက်သည့် အချိန်မှစ၍ထာဝရအသက်ရရှိပြီး၊ခရစ်တော်၏ဝိညာဉ်သည်သင်အထဲတွင်အသက်ရှင်သည်။အဘယ်ကြောင့်ဆိုသော် ဘုရား၏ကတိတော်ကြောင့်ဖြစ်သည်။
သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။
၁ယော ၅း၁၁-၁၃
ဘုရားကိုမှီခိုပါ
စိတ်ခံစားမှုများရှိနိုင်သော်လည်း၊ အမြဲတမ်းမှန်ကန်သည်ဟုမဆိုနိုင်ပါ။ယေရှုနောက်လိုက်သူသည် ယုံကြည်ထိုက်သော ဘုရားနှင့်ဘုရားစကားများကိုသာ ယုံကြည်ရပါမည်။
စိတ်ခံစားမှုကို အမှီမပြုဘဲ ဘုရား၏ ကတိတော်ကိုသာကိုးစားပါ။
လေယျာဉ်ဖြင့် ခရီးသွားနေလျှင် လေယျာဥ်၏တည်ဆောက်မှုနှင့်လေယျာဥ်မှုး အပေါ်သာမှီခိုရပါမည်။စိတ်ခံစားမှုများရှိနိုင်သော်လည်း၊ စိတ်ခံစားမှုများက ကျွန်ုပ်တို့အပေါ် မလွှမ်းမိုးသင့်ပါ။
ထို့နည်းတူ၊စိတ်ခံစားမှုအပေါ်မမှီခိုဘဲ၊ဘုရားသခင်ကိုကိုးစား၍ သမ္မာကျမ်းစာမှကတိတော်ကိုယုံကြည်နိုင်သည်။
နောက်ဘာဖြစ်လာမည်နည်း?။
ယေရှု၏နောက်လိုက်တစ်ဦးအနေ ဘယ်လို ကြီးထွားနိုင်မလဲ?
ဘုရားသခင်ကို သိကျွမ်းရန်
ဘုရားသခင်ကို သိကျွမ်းရန် နေ့စဉ်ကျမ်းစာဖတ်ပါ။ ၂တိ ၃း၁၄-၁၇
ရှင်ယောဟန်ခရစ်ဝင်ကျမ်း(သို့)ရှင်မာကုခရစ်ဝင်မှ အစပြုဖတ်ပါ။
ဆုတောင်းပါ။
နေ့စဉ်ဘုရားသခင်ထံဆုတောင်းပါ
ဖိလိ ပ္ပု၄း၆
နာခံပါ။
အချိန်တိုင်းဘုရားစကားနားထောင်ပါ။
လုကာ ၆း၄၆-၄၉
လိုက်လျှောက်ပါ။
ဝိညာဉ်တော်၏ တန်ခိုးတော််လမ်းပြမှုနှင့် လိုက်လျှောက်အသက်ရှင်ပါ။ ဧဖက် ၃း၁၄-၂၁၊ ၅း၈
အခြားသူများကိုဝေငှပါ။
အခြားသူများအား ယေရှုခရစ်တော်အ ကြောင်းကို သင့်အသက်တာအားဖြင့်လည်းကောင်း ဝေငှသက်သေခံပါ။
မဿဲ ၂၈း၁၈-၂၀၊ ၂ ကော ၅း၁၇-၂၀၊ ဧဖက် ၄း၁
မိတ်သဟာယဖွဲ့ပါ။
အခြားသော ခရစ်ယာန်ယုံကြည်သူများနှင့်မိတ်သဟာယဖွဲ့ပါ။
ဟေဗြဲ ၁၀း၂၅၊ တမန် ၂း၄၂-၄၇