Campus Crusade

About Us

ပို့ဆောင်၊ တည်ဆောက်၊ စေလွှတ် ခရစ်တော် ဗဟိုပြုသော ဆပွားတိုး တပည့်တော်များ

ရူပါရုံနှင့် သာသနာလုပ်ငန်း

ကျွန်ုပ်တို့မျိုးရိုးစဥ်ဆက်တွင် မြန်မာနိုင်ငံတစ်ဝန်း သန့်ရှင်းသောဝိညာဥ်တော်တန်ခိုးအားဖြင့် ဝိညာဥ်ရေးရာလှုပ်ရှားမှုကြီးဖြစ်ပေါ်လာပြီး မြေကြီးစွန်းတိုင်အောင်ဆက်လက်သာသနာပြုမည်။

ကျွန်ုပ်တို့၏သာသနာ

ဝိညာဉ်ရေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်သော ခရစ်တော်ကိုဗဟိုပြုသော ဆပွားတိုးတပည့်တော်များကို ပို့ဆောင်၊ တည်ဆောက်၊ စေလွှတ်ရန်။

ကျွန်ုပ်တို့၏ရူပါရုံ

မြန်မာနိုင်ငံတွင်သာမက ကျွန်ုပ်တို့၏မျိုးဆက်များတွင်ပါ ဝိညာဉ်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန်။

ကျွန်ုပ်တို့၏တန်ဖိုးထားမှုများ

ယုံကြည်မှု၊ ကြီးထွားမှုနှင့် ဝိညာဥ်အသီးအပွင့်များ။

ဤလောကမ္ဘာကြီးသည် ပျက်စီးခြင်းသို့ ဦးတည်လျက် ရှိသည်။

ကျွန်ုပ်တို့ လူသားများသည် Covid-19 ကပ်ရောဂါကို ကြိုးစားတိုက်လှန်၍ မပြီးဆုံးသေးခင် ရုရှားမှ ယူကရိန်းနိုင်ငံသို့ ကျူးကျော်တိုက်ခိုက်မှုက ကမ္ဘာကြီးအတွက် တုန်လှုပ်ခြောက်ခြား ဖွယ်ရာ ဖြစ်ခဲ့ရပြီး မြို့များ ဖျက်ဆီးခံရခြင်း၊ ထောင်ပေါင်းများစွာသော လူတို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရခြင်းနှင့် မိသားစုဝင်များ ဆုံးရှုံးရခြင်းတို့ကြုံတွေ့နေရပါသည်။

အမေရိကန်နိုင်ငံရှိ မြို့ကြီး အချို့တွင်လည်း အကြမ်းဖက်မှုများကြောင့် လူအုပ်စုလိုက် သေကြေ ဒဏ်ရာရခြင်း၊ တောင်တရုတ်ပင်လယ်၌ အခြေအနေတင်းမာမှုများ နှင့် ကျွန်ုပ်တို့ တိုင်းပြည်တွင်လည်း အမည်မဖော်ပြနိုင်သော ရာဇဝတ်မှုများစွာရှိနေပါသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ကျွန်ုပ်တို့၏ ရှေ့ရေးအတွက် ရင်လေးစ ရာ၊ စိုးရိမ်ကြောင့်ကြဖွယ်ရာ ဖြစ်ပါသည်။ ဤကမ္ဘာလောကကြီး၏ ဆိုးသွမ်းပျက်စီးမှုများကအဘယ်ကြောင့်ဖြစ်ကြောင်းကို  သမ္မာကျမ်းစာက ဖော်ပြထားပါသည်။

ကြီးမားသော ကွာဟမှု

မြန်မာ့လူဦးရေသည် ၅၅ သန်းခန့်ရှိပါသည်။ မြန်မာလူမျိုး အများစုသည် ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြပြီး ဗုဒ္ဓဘာသာ (၈၇%) ခရစ်ယာန် (၆.၂%) မွတ်ဆလင် (၄.၃%) နတ်စား (၀.၈%)နှင့် ဟိန္ဒူ (၀.၅%)တို့ ရှိကြသည်။ လက်ရှိ နိုင်ငံရေးအရှုပ်အထွေးများကြောင့် တိုင်းပြည်၏ စီးပွားရေးအခြေအနေသည်လည်း ဆုတ်ယုတ်ကျဆင်းလျက် ရှိပါသည်။ အလုပ်လက်မဲ့ များပြားလာပြီး မတည်ငြိမ်မှုများ ဖြစ်လျက်ရှိသည်။ လူအများသည် မျှော်လင့်ချက်မဲ့နေပြီး ခရစ်ယာန်များအနေဖြင့် မျှော်လင့်ခြင်း သတင်းကောင်းကို ဝေငှပြော ကြားဖို့ရန် အချိန်အခါကောင်းပင် ဖြစ်ပါသည်။

ထိုကြီးမားသော ကွာဟမှုကို ဖြည့်စွက်ဖို့ရန် ကျွန်ုပ်တို့အနေဖြင့် ခရစ်တော်ဘုရား စေခိုင်းခဲ့ သည့် ကြီးမြတ်သောစေခိုင်းမှု ပြီးပြည့်စေဖို့ရန် လုပ်ဆောင်ရမည်ဖြစ်ပြီး လူအများတို့သည် ဧဝံဂေလိသတင်းကောင်းကို ကြားသိရကာ ကယ်တင်ခြင်းသို့ ရောက်ဖို့ရန် ဖြစ်သည်။

ပေါင်းကူးတံတား

ထိုကြီးမားသော ကွာဟမှုက ခရစ်တော်၏ ကိုယ်ခန္ဓာတော်သည် ပေါင်းကူးတံတားအနေဖြင့် လုပ်ဆောင်စရာများစွာ ရှိနေကြောင်း အထင်း သား ပေါ်လွင်နေပါသည်။

လူမျိုးတကာတို့ထံ ဘုရားသခင်၏မေတ္တာတော်နှင့် အပြစ်လွှတ်ခြင်း အကြောင်း သတင်းကောင်းကို ဟောပြော ကြေညာဖို့ရန်နှင့် တပည့်တော် ဖြစ်စေဖို့ရန် ဘုရားသခင်သည် သူ၏ အသင်းတော်အား ရွေးကောက်ခေါ် နေပါသည်။ မြန်မာပြည်ခရစ်တော်၏သာသနာ့အကျိုး ဆောင်အဖွဲ့သည် အမှုတော်ကဏ္ဍအသီးသီးတွင် ဆက်ကပ်အစေခံခြင်းဖြင့် ဘုရားသခင်၏ ရွေးကောက်ခေါ်ခြင်းကို တုန့်ပြန်ခဲ့ပါသည်။ မိတ်ဆွေ အနေဖြင့်ရော ကျွန်ုပ်တို့နှင့်အတူ ထိုပေါင်းကူးတံတားအနေဖြင့် ပါဝင်ဖို့ရန် အဆင်သင့် ဖြစ်နေပါပြီလား။

ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊

ကောင်းကင်ဘုံ၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှ သော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါ သည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။” (မ ၂၈း၁၈-၂၀)